တောင်ကြီးမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားပြုလုပ်မှုမြင်ကွင်းများ

၂၀၂၃ ဖေ ၀၇ ၀၇၀၀ အချိန်တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့​ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနေ အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၅၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရ ။

အခမ်းအနားတွင် အာခါတိုင်းရင်းသား ရိုးရာယဥ်ကျေးမှုအဖွဲ့မှ “စေးစေး”သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းမှ ဖတ်ကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ ရှမ်းပြည်နယ်နေ့ မိန့်ခွန်း အား ပြောကြားခြင်း၊ လီဆူတိုင်းရင်းသား ရိုးရာယဥ်ကျေးမှုအဖွဲ့မှ လီဆူရိုးရာယဥ်ကျေးမှုနှစ်သစ်ကူးအကဖြင့် ကပြဖျော်ဖြေခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများမှ ဘာသာ၊ သာသနာဆိုင်ရာ ထူးချွန်ဆု (၂)ဆု၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(၁၆)ဆု၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင်ရာထူးချွန်ဆု(၆၆)ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆု(၂)ဆု၊ မွေးမြူရေးဆိုင်ရာ ထူးချွန်ဆု(၁)ဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (၃၀)ဆု၊ အားကစားထူးချွန်ဆု(၂)ဆု စုစုပေါင်း (၁၁၉)ဆုတို့အား ပေးအပ်ခဲ့ရာ မိုင်းပန်မြို့၊ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်လုံ ကျေးရွာ၊ နှစ်ကျိပ်ရှစ်ဆူ(မြို့ဦး)ဘုန်းတော်ကြီး ကျောင်းမှ ဘဒ္ဒန္တကာလိန္ဒ ပါ ဆုရရှိသူ(၁၁၉)ဦးတို့က အသီးသီးလက်ခံရယူခြင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးမှ နေရောင်ခြည် စွမ်းအင်သုံးဆိုလာ(၂၅၀)စုံအား ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပေးအပ်လှူဒါန်းခြင်း၊ရှမ်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့က ရှမ်းရိုးရာအလှ၊ ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ ဝတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့က ဝ တို့ ရိုးရာ အေးဟာဟာ သီချင်းဖြင့် ကပြဖျော်ဖြေ ခြင်း နှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့က ပအိုဝ်းတိုင်းရင်းသားရိုးရာ အိုးစည် ဗုံမောင်း အကဖြင့် ကပြဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြောင်း၊ အထိမ်းအမှတ် အဖြစ် ပြသထားသည့် ပြခန်းများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ပြခန်းများအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။