သီပေါစော်ဘွား၏ မဟာဒေဝီ လူကြီးရောဂါဖြင့် အမေရိကန်တွင်ကွယ်လွန်

အသက် ၉၀ ကျော်အရွယ်ရှိ သီပေါစော်ဘွား၏ မဟာဒေဝီ လူကြီးရောဂါဖြင့် အမေရိကန် နိုင်ငံမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီ (ခေါ်) Inge Sargent သည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဩစတြေးလျနိုင်ငံသူ စဝ်ဆုစန္ဒီသည် သီပေါနယ်၏ နောက်ဆုံးစော်ဘွားဖြစ်သည့် စဝ်ကြာဆိုင်၏ ဇနီးဖြစ်ပြီး ကွယ်လွန်ချိန်တွင် မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီး နှစ်ဦးကျန်ခဲ့တယ်လို့ သိရပါတယ်။