ချင်းပြည်နယ်၊ မတူပီမြိုနယ်တွင် CDF နှင့်တိုက်ပွဲဖြစ်ပွားတဲ့ သတင်းမှား Fact Check

Ayeyarwaddy Times Page မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ ချင်းပြည်နယ်၊ မတူပီမြိုနယ်၊ တိန်ဆီးရွာ
နှင့် ထော်လန်ရွာ ကြားတွင် စကစတပ်ဖွဲဝင်များနှင့် CDF များ တိုက်ပွဲ ဖြစ်ပွားရာတွင် စကစတပ်ဖွဲဝင် ၁၀ ဦး
သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ထားတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> ဖေဖော်ဝါရီလ ၄ ရက်နေ့ ချင်းပြည်နယ်၊ မတူပီမြိုနယ်၊ တိန်ဆီးရွာနှင့်
ထော်လန်ရွာကြားတွင် စကစတပ်ဖွဲဝင်များနှင့် CDF များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများ
အရ သိရှိရပါတယ်။
Ayeyarwaddy Times Page မှ မြေပြင်တွင် တိုက်ပွဲဖြစ်စဉ်မရှိဘဲ စကစတပ်ဖွဲဝင် ၁၀ ဦး
သေဆုံးကာ ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး အများပြည်သူများထံ သတင်းများလုပ်ကြံရေးသား၍ ဝါဒဖြန်ထားခြင်းသာ
ဖြစ်ပါတယ်။