ကော့သောင်းမြို့တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၆ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေ အနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ကော့သောင်းမြို့နှင့် ခမောက်ကြီးမြို့များရှိ နယ်မြေခံတပ်နယ်များ၌ ရာသီသီးနှံစိုက်ပျိုးထားရှိမှု၊ နို့စားနွားနှင့် အသားတိုးနွားမွေးမြူထားရှိမှု၊ အသား တိုးဝက်၊ ဉစားဘဲနှင့် ကြက်မွေးမြူထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြီး စိုက်ပျိုး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။