မြန်မာနိုင်ငံ၏ ပထမဦးဆုံး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၆ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော နျူကလီးယား နည်း ပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပို ရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန တို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ် သည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ကနဦး အနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယား နည်း ပညာ သတင်းအချက်အလက်စင်တာတည်ဆောက်ခြင်းအားဖြင့် နျူကလီးယား စွမ်း အင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ အသုံးချနိုင်သည့် အသိအမြင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အနေဖြင့် လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။