ဥပေက္ခာတရားတို့ရဲ့အမေ့အလျော့ခံ

တိမ်တောက်ချိန်ဆိုတာအကျည်းတန်တဲ့သူတောင်လှတယ်လို့ ဆိုရိုး စကားရှိလေသည်
တိမ်တောင်ချိန်ဆို သည်မှာတနေ့တာရဲ့နောက်ဆုံးဆည်းဆာချိန်လေးကိုခေါ်တာပါ

နေမင်းက လောကကြီးကိုအပူနှင့်အလင်းကို ဆောင်ကျဥ်းခဲ့လေပြီ
သူရဲ့တနေ့တာနုတ်ဆက်ချိန်ညနေခင်းလေးမှာကောင်းကင်တခွင်လုံးနီသော ဝါသော လိမ္မော်သော ခရမ်းသော မရမ်းသော ပြာသော အရောင်တွေကစုံလို့နေပါတယ်..

တိမ်ရဲ့သဏ္ဉန်တွေကလည်းတိမ်တောင်တိမ်လိပ်တိမ်မျှင်တွေကလည်းသဏ္ဉန်အမျိုးမျိုးဟန်အမျိုးမျိုးဖြင့်ယှက်သန်းလို့နေပါတော့တယ်..လောကတခွင်သည်လှချင်တိုင်းလှနေသည် ဒီသဘာဝတွေအလှတွေငေးမောရင်းခဏတာ
အချိန်လေးအတွင်းမှာဘဲနေမင်းကြီးက အနောက်ဂေါယာကျွန်းဆီမေးတင်ပျောက်ဆုံးသွား
ပါပြီ ..အမှောင်ကမ္ဘာထဲကျွန်တော်တို့ကိုချန်ထားခဲ့လေပြီ
ဒါပေမယ့် ..ဒီလိုအလှအပတွေခံစားငေးမောနိုင်မယ့်အခွင့်အရေးတွေ နောက်တနေ့မနက်ဖြန်မှာကြုံနိုင်
သေးတယ် နောက်တကြိမ် နောက်တခါအကြိမ်ကြိမ်အခါခါ အခွင့်ရေးတွေရနိုင်ပါသေးတယ်

လူမျိုးတမျိုးရဲ့အဆင့်အတန်းဆိုတာယဥ်ကျေးမှုနှင့်ချိန်ထိုးရလေသည်

ကျွန်တော်တို့မြန်မာတွေရဲ့ယဥ်ကျေးမှုသမိုင်းအမွေအနှစ်တွေကို ဘုရားကျောင်းကန်တို့
မှာထားရစ်ခဲ့ပါတယ် အနုပညာလက်ရာများစုစည်းရာ ပန်းချီ ပန်းပု ပန်းတမော့ ကျောက်ဆစ် ပိသုကာ
လက်သမား ပန်းရံလက်ရာအစုံစုံတို့စုဝေးနေရာတည်း..

မနေ့ကကျွန်တော်ရောက်ခဲ့သည့်မော်လမြိုင်မြို့ပဓါနိကာရုံဘုန်းတော်ကြီးကျောင်းမှာရှေးဟောင်းဘုန်းကြီးကျောင်းဖြစ်သည်
ပြသာဒ် ကနုတ်ပန်းဆွဲ ဘုံအဆင့်ဆင့်ဖြင့် ရင်သပ်ရှုမောလှနိုင်လွန်းပါတယ်

ဒါပေမယ့်လူသူမနီးတောတောင်အလယ် ပျက်စီးယိုယွင်းနေလေတော့တယ်

ကနုတ်တွေကလည်းမြေခ အမိုးတွေကလည်းရေမလုံ မျက်နာကျက်တွေက အပြိုပြို
ကျောင်းဆောင်တွေကလည်းအပျက်ပျက်နှမြှောစရာ ကြေကွဲစရာမြင်ကွင်းတည်း

ဘုံအဆင့်မှာရေးထိုးထားတဲ့၁၂?၇ ခုနှစ်ကအစ? နေရာသည် သုညလား တစ်လား ရှစ်လား
ဝေဝါးစေခဲ့ပါသည်..ဒါပေမယ့် အောက်ခြေမှာရေးထိုးထားသည့်ကျောက်စာနှင့်
အခြားအဆောင်တစ်ခုမှာရေးထိုးထားသည့် အင်္ဂလိပ်သက္ကရာဇ်တို့နှင့်နှိုင်းယှဥ်သော်
၁၂၈၇ခုနှစ်ဖြစ်နိုင်ပါတယ်..

ယဥ်ကျေးမှုအမွေအနှစ်အဖြစ် ဒီလိုရှေးဟောင်းဘုန်းတော်ကြီးကျောင်းများကို
ထိမ်းသိမ်းသင့်သည်မှာမုန်သောလည်း မည်သူက တာဝန်ယူမည်မှန်းမသိနိုင်သေး
ကူသူကယ်သူဝေးနေဆဲဖြစ်သည်..အပြန်ခရီးအထွက် ဆရာတော်ကိုနုတ်ဆက်စကား
ဆိုတော့ ဒီကျောင်းတော်ကြီးမှာဆရာတော်ခုနှစ်ဆက်ရှိခဲ့ပြီ
ဖြစ်ကြောင်း ရှေးဆရာတော်အဆက်ဆက်ကလှပတင့်တယ်ခဲ့သော ရွှေရောင်ဝင်းဝခဲ့သောဂုဏ်ရှိန်ဝါထွန်းပြောင်
ခဲ့သော ကျောင်းကြီးမှာသူလက်ထက်မှာညိုးငယ်ခဲ့ရသည့်အတွက်ဝမ်းနည်းစကာားဆိုလေသည်
အနည်းဆုံး ထုံးလေး ဆေးလေးတောင်မသုတ်နိုင်သည်အဖြစ်အတွက်စိတ်မကောင်းစကားဆိုရှာသည်

ကျောင်းဝင်းကြီးအတွင်းလွန်ခဲ့နှစ်နှစ်ရာကျော်က ဘုန်းကြီးကျောင်းရှိခဲ့ဘူးသောလည်း
ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့သည်ဟုမိန့်ဆိုခဲ့လေသည်

ဆည်းဆာအလှငေးမောရင်းမျက်စီအောက်မှာပင်အလှနှင့်အလင်းတို့ကွယ်ပျောက်တော့မည်..
ဒါပေမယ့်နောက်တနေ့ နောက်တခါ နောက်တကြိမ်အခွင့်အရေးက ကျွန်တော်တို့ကျန်နေသေးသည်
မျှော်လင့်ခွင့်ရှိသေးသည် မြန်မာနိုင်ငံအတွင်းရှိနေသောရှေးဟောင်း ယဥ်ကျေးမှုဆိုင််ရာအမွေအနှစ်များသည်
ထိမ်းသိမ်းသင့်သည်စောင့်ရှောက်သင့်သည်မှာ မှန်သည်
တာဝန်ယူမှုတာဝန်ခံမရှိသည့်အခြေအနေ သမိုင်းမသိသူများတန်ဖိုးမထားတတ်သူများရဲ့
ဥပေက္ခာတရားတို့အလယ်ကမ္ဘာမြေပေါ်မှ မြန်မာယဥ်ကျေးမှုအမွေအနှစ်များ
မကြာခင်အပြီးတိုင်ပျောက်ဆုံးသွားပေတော့မည် နောက်တကြိမ်နောက်တခါဆိုသည့်အခွင့်အရေးကို
မျှော်လင့်ခွင့်ရတော့မည်မဟုတ်ပေ ကောင်းသောချစ်ခြင်းများစွာဖြင့်…

crd;