ခရီးသွားဝန်ဆောင်မှုကဏ္ဍများအကောင်အထည်ဖော်ရန် ရုရှား-မြန်မာ (MoU) လက်မှတ်ရေးထိုး

ငပလီကမ်းခြေအိမ်ရာစီမံကိန်း စတင်အကောင်အထည်ဖော်ရေးနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ အကောင် အထည်ဖော်ဆောင်ရွက်ရန် ရုရှား-မြန်မာ နှစ်ဖက်သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

ရခိုင်ပြည်နယ်သံတွဲမြိုရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုးခြင်း အခမ်း အနားနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပိုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်း အနားကို ယမန်နေ့က Pan Pacific Hotel Yangon ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ရခိုင်ပြည်နယ်သံတွဲမြို ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံဖြိုးတိုးတက် လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပိုရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြပြီး နှစ်ဖက်သဘောတူစာချုပ်(MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ခ်ျနိကော့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲများသည် ရခိုင်ပြည်နယ် သံတွဲမြိုရှိ ငပလီကမ်းခြေဒေသသို ယခုခရီးစဉ်အတွင်း သွား ရောက်ကွင်းဆင်းလေ့လာခဲ့ကြပြီး ဒေသခံအာဏာပိုင်အဖွဲအစည်းများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံကာ ရုရှား-မြန်မာခရီးသွားကဏ္ဍ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို ရုရှား-မြန်မာချစ်ကြည်ရေး အသင်း(RUSSIA-MYANMAR ASSOCIATION FOR FRIENDSHIP & COOPERATION, RMAFC) ဥက္ကဋ္ဌမစ္စတာအန်နာသိုလီဘူးလော့ခ်ျနိကော့ ဦးဆောင် သောရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တိုမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။