ဘရာဇီးက သံချေးတက်အိုဟောင်းနေတဲ့ သင်္ဘောကို အတ္တလန္တိတ်သမုဒ္ဒရာမှာ နစ်မြှုပ်ပစ်

ဘရာဇီး စစ်တပ်ရဲ့ အသုံးမပြုတော့တဲ့ လေယာဉ်တင် သင်္ဘောတစ်စီးကို နိုင်ငံအရှေ့မြောက်ဖက် ကမ်းလွန် အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်ပစ်လိုက်တယ်လို့ ဘရာဇီးရေတပ်က ပြောကြားပါတယ်။

သံချေးတွေ တက်နေတဲ့ ၁၉၆ဝပြည့်နှစ် ပြင်သစ်နိုင်ငံထုတ် သင်္ဘောကြောင့် ရေပြင်နဲ့ ရေပြင် အစားအစာ ကွင်းဆက်ကို ညစ်ညမ်းစေလိမ့်မယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးထားပေမယ့် ရေတပ်က နစ်မြုပ်ပစ်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။