တပ်မတော်တွင် အုပ်ချုပ်မှု/စစ်စည်းကမ်းအရ အရေးယူခံရပြီး ရာထူးတိုး ပြန်လည်စဉ်းစားပေးသည့် အချိန်ကာလများကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်

အုပ်ချုပ်မှုကြောင်းအရနှင့် စစ်စည်းကမ်းအရ အရေးယူခံရသည့် အရာရှိ/စစ်သည်များနှင့်ပက်သက်ပြီး

အဆင့်တိုးမြှင့်ခြင်းများကို၊ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ချီးမြှင့်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ စီစစ်ရေးဘုတ်အဖွဲ့ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အုပ်ချုပ်မှုကြောင်းအရ အရေးယူခံရခဲ့ပါက

တပ်မှူးအကျဉ်းနည်းနဲ့ အပြစ်ဖော်ပြသတိပေးဆုံးမလုပ်မည်ဖြစ်ပြီး..(၂)နှစ်အတွင်း နောက်ထပ်အရေးယူခံရမှုမရှိခဲ့ဘူးဆိုလျှင် ပြန်လည်စဉ်းစားပေးနိုင်မည်ဖြစ်ပါတယ်။ ချီးကျူးဂုဏ်ပြု၊ ဂုဏ်ထူးဆောင်လတ်မှတ်၊ သူရဲကောင်းလတ်မှတ်နှင့်အထက်ရရှိသူဖြစ်ခြင်း(သို့)ပညာရပ်ဆိုင်ရာပါရဂူဘွဲ့၊ အလားတူဘွဲ့နှင့် ဘွဲ့တစ်မျိုးမျိုးရရှိခဲ့လျှင် ရာထူးတိုးများကို ပြန်လည်စဉ်းစားပေးမှာဖြစ်ပါတယ်။

စစ်စည်းကမ်းအရအရေးယူခံရခြင်းမျိုးဖြစ်ပါက

-ပြစ်တင်ရှုတ်ချဒဏ်၊ ပြင်းထန်စွာပြစ်တင်ရှုတ်ချဒဏ်၊ အငြိမ်းစားလစာအတွက် စစ်မှုထမ်းသက် (၁) နှစ်လျှော့စေရန်ပြစ်ဒဏ်ခံရသူများ အနေဖြင့် အဆင့်တိုးမြှင့်ခြင်း၊ ရာထူးခန့်ထားခြင်းများကို အရေးယူခံရပြီးနောက် (၃) နှစ်အတွင်း နောက်ထပ်စစ်စည်းကမ်းအရ အရေးယူခံရခြင်း မရှိခဲ့လျှင်။ ချီးကျူးဂုဏ်ပြု၊ ဂုဏ်ထူးဆောင်လတ်မှတ်၊ သူရဲကောင်းလတ်မှတ်နှင့်အထက်ရရှိသူဖြစ်ခြင်း(သို့)ပညာရပ်ဆိုင်ရာပါရဂူဘွဲ့၊ အလားတူဘွဲ့နှင့် ဘွဲ့တစ်မျိုးမျိုးရရှိခဲ့လျှင် ရာထူးတိုးများကို ပြန်လည်စဉ်းစားပေးမှာဖြစ်ပါတယ်။

-အငြိမ်းစားလစာအတွက် စစ်မှုထမ်းသက် (၂) နှစ်လျှော့စေရန်ပြစ်ဒဏ်ခံရသူများ အနေဖြင့် အဆင့်တိုးမြှင့်ခြင်း၊ ရာထူးခန့်ထားခြင်းများကို အရေးယူခံရပြီးနောက် (၃) နှစ်အတွင်း နောက်ထပ်စစ်စည်းကမ်းအရ အရေးယူခံရခြင်း မရှိခဲ့လျှင်။ အဆင့်တိုးမြှင့်ခြင်း၊ ရာထူးခန့်ထားခြင်းများကို အရေးယူခံရပြီးနောက် (၃) နှစ်အတွင်း နောက်ထပ်စစ်စည်းကမ်းအရ အရေးယူခံရခြင်း မရှိခဲ့လျှင်။ သူရဘွဲ့၊ သီဟသူရဘွဲ့နှင့်အောင်ဆန်းသူရိယဘွဲ့ရရှိသူဖြစ်လျှင် ပညာရပ်ဆိုင်ရာပါရဂူဘွဲ့၊ အလားတူဘွဲ့နှင့် ဘွဲ့တစ်မျိုးမျိုးရရှိခဲ့လျှင် ရာထူးတိုးများကို ပြန်လည်စဉ်းစားပေးမှာဖြစ်ပါတယ်။

လာရောက်မေးမြန်းသူများအားလုံးကိုလည်း ဒီကနေပဲဖြေပေးလိုက်ပါတယ်။