စစ်အုပ်ချုပ်ရေးဆိုတာဘာလဲ

ဖေဖော်ဝါရီ (၂)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ (၃၇)မြိုနယ်ရှိခဲ့ပါတယ်။ ကယားပြည်နယ် (၄)မြိုနယ်၊ ပဲခူးတိုင်းဒေသကြီး (၅)မြိုနယ်၊ မကွေးတိုင်းဒေသကြီး (၅)မြိုနယ်၊ စစ်ကိုင်း (၁၁)မြိုနယ်၊ ချင်း(၇)မြိုနယ်၊ မွန်ပြည်နယ်ထဲက ရေးမြိုနယ်၊ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးနဲ့ကော့ကရိတ်မြိုနယ်တိုအပြင် တနင်္သာရီတိုင်းဒေသကြီးထဲက တနင်္သာရီမြိုနယ်နဲ့ ပုလောမြိုနယ်တိုကို စစ်အုပ်ချုပ်ရေးအာဏာပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမြိုနယ် ၃၇ မြိုနယ်ကို စစ်အုပ်ချုပ်ရေးအာဏာပေးအပ်လိုက်တာဖြစ်လို တာဝန်ပေးအပ်ခြင်းခံရတဲ့ စစ်တိုင်းမှူးတွေဟာ လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနဲ့ သယ်ယူပိုဆောင်ရေးဆိုတဲ့ ကဏ္ဍကြီး (၄)ရပ်အပြင် တရားစီရင်ရေးစနစ်ကိုလည်း ကျင့်သုံးပိုင်ခွင့်ရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမြိုနယ်ထဲမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အစီရင်ခံနေစရာမလိုတော့ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးဖို သတ်မှတ်ခြင်းခံရတဲ့ မြိုနယ် ၃၇ မြိုနယ်ထဲက ပြစ်မှုကျူးလွန်သူတွေဟာ သေချာပေါက် စစ်ခုံရုံးနဲ့သာ တရားစီရင်ခြင်းခံရမှာ ဖြစ်လို ရဲလက်အပ်တာ၊ တရားရုံးတင်တာမျိုးရှိမှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှုနဲ့ တပ်မတော် (သို) တရားဥပဒေစိုးမိုးရေးအဖွဲရဲ့ ဆောင်ရွက်မှုတွေကို နှောင့်နှေးစေအောင်၊ ပျက်ပြားစေအောင် ပြုလုပ်သူမှန်သမျှဟာ စစ်ခုံရုံးနဲ့သာ တရားစီရင်ခြင်းခံရမှာဖြစ်ပါတယ်။

အပေါ်က ဖော်ပြထားတဲ့ ပြစ်မှုအမျိုးအစား(၃)မျိုးထဲက တခုခုကို ကျူးလွန်မိခဲ့ရင် အမြင့်ဆုံး ပြစ်ဒဏ်ဟာ သေဒဏ်ဖြစ်ပြီးတော့ ဒုတိယပြစ်ဒဏ်က နှစ်အကန့်အသတ်မရှိတဲ့အလုပ်နဲ့ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ တတိယ ပြစ်ဒဏ်ကတော့ ပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။ ဥပမာ အစိုးရကို အကြည်ညိုပျက်အောင် ဆောင်ရွက်လျင် ထိုက်သည့်တဲ့ ပြစ်ဒဏ်က ထောင်ဒဏ် (၂၀)လို သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ အတိုင်း ကျခံရမှာဖြစ်ပြီးတော့ အယူခံခွင့်လုံးဝရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေဒဏ်အမိန့်ကိုတော့ နစက ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်ပေမယ့် ထောင်ဒဏ်စီရင်ထိုက်တဲ့ အမိန့်မျိုးကို စစ်တိုင်းမှူးကိုယ်တိုင် ကျင့်သုံးခွင့် ရရှိမှာဖြစ်ပါတယ်။

အခု စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့မြိုနယ်တွေဟာ ကာလအားဖြင့် အချိန်ကန့်သတ်ထားတာမရှိလို တည်ငြိမ်အေးချမ်းမှု ရှိမှသာ ပြန်ရုတ်သိမ်းဖွယ်ရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအလိုက် အမိန့်ချမှတ်ခံရမှာဖြစ်ပေမယ့် ပြစ်ဒဏ်တွေကို (၁၅)ရက်အတွင်း ချမှတ်ခံရမှာဖြစ်ပါတယ်။ ဆိုလိုတာက အကြမ်းဖက်ဗုံးခွဲ လူသတ်မှုကို ကျူးလွန်လို ဖမ်းဆီးရမိခဲ့ရင် (၁၅)ရက်အတွင်း သေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးဖိုရာအတွက် လိုအပ်တဲ့ ဒေသန္တရအမိန့်တွေကိုလည်း တိုးမြှင့်ထုတ်ပြန်နိုင်သေးတာဖြစ်လို ညမထွက်ရ အမိန့်တွေ ထွက်ပေါ်လာမှာကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။