ကြောင်ကို တစ်လကျော်ကြာ အစာမကျွေးဘဲ ထားလို့ သေဆုံးသွားတာကြောင့် ပိုင်ရှင်ကို ဒဏ်ရိုက်

မွေးထားတဲ့ ကြောင်ကို လုံလောက်တဲ့ အစာနဲ့ ရေကျွေးမွေးဖို့ ပျက်ကွက်လို့ ကြောင်သဆုံးသွားတာကြောင့် ပိုင်ရှင် အမျိုးသားကို စင်ကာပူ တရားရုံးက ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၁၀၀၀၀ ပေးဆောင်ဖို့ ဇန်နဝါရီ ၃၀ရက်က ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

တရားခံ ခါမဲရိုဇမန်ဟာ တရားရုံးက ချမှတ်တဲ့ ဒဏ်ကြေးကို မပေးဆောင်နိုင်တာကြောင့် ဒဏ်ငွေ အစား ထောင် ရက် ၂၀ ကျခံမယ်လို့ တရားရုံး စာရွက်စာတမ်းတွေ အရ သိရပါတယ်။

ဂရေးလို့ အမည်ရတဲ့ ကြောင်ကို မလိုလားအပ်တဲ့ ထိခိုက်ခံစားးရမှု ဖြစ်စေတဲ့ အတွက် ခါမဲရိုဇမန် ၂၅နှစ်ဟာ တိရစ္ဆာန်နဲ့ ကျေးငှက်ဆိုင်ရာ အက်ဥပဒေနဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။

သူဟာ ၂၀၂၀ ဒီဇင်ဘာ ၂၅ရက်ကနေ ၂၀၂၁ ဖေဖော်ဝါရီ ၂ရက်အထိ ကြောင်ကို လုံလောက်တဲ့ အစာနဲ့ ရေပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားသူကြီးက ပြောကြားပါတယ်