တနင်္သာရီတိုင်းကထွက်တဲ့ ငှက်သိုက် တစ်ကျပ်သား ကျပ်ငါးသောင်းကျော်ထိ ဈေးရနေ

တနင်္သာရီတိုင်းဒေသကြီးက ထွက်ရှိတဲ့ သဘာဝငှက်သိုက်တွေ တစ်ကျပ်သား ကျပ် ငါးသောင်းကျော်ထိ ဈေးကောင်းရနေတယ်လို့ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။

ငှက်သိုက်လုပ်ငန်းကို မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့မှာ အများဆုံးလုပ်ကိုင်ကြပြီး ဈေးရတဲ့အတွက် ဒေသခံငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူများပြားလာတယ်လို့ သိရပါတယ်။