မင်္ဂလာဆောင်ကပြန်လာတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြိုနယ်မှာ မင်္ဂလာဆောင်ကပြန်လာတဲ့ အမျိုးသမီးတစ်ဦးပစ်ခတ်ခံရလို သေဆုံးသွားတယ်လို သိရပါတယ်။
ပုသိမ်ကြီးမြိုနယ်၊ နန္ဒာတောင်ကျေးရွာနဲ့ မန္တလေး -မတ္တရာသွားကားလမ်း ကြားမှာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က PDF တွေဟာ ကျွဲရေကုန်းကျေးရွာမှာနေထိုင်တဲ့ မမျိုးမဌေး (၁၉)နှစ်နဲ့ မဖြူဇင်သန့် (၂၁) နှစ် တိုနှစ်ဦးအား ပစ်ခတ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။
သူတိုနှစ်ဦးဟာ နန္ဒာတောင်ကျေးရွာမှာရှိတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မောင်လျှန်းထက်နဲ့ မဝိုင်းဝိုင်းတိုရဲ့ မင်္ဂလာဆောင်ကနေ ကျွဲရေကုန်းကျေးရွာကို နန္ဒာတောင် မန္တလေး သွားကားလမ်းအတိုင်း Scoopy ဆိုင်ကယ် အနက်ရောင်နဲ့ မမျိုးမဌေးက မောင်းနှင်ပြီးပြန်လာစဉ်မှာ PDF ၂ ဦး ဟာ CZI အနက်/ဖြူကြား ဆိုင်ကယ်နဲ့အနောက်မှလိုက် ပါလာပြီး မမျိုးမဌေး မောင်း၏လာတဲ့ ဆိုင်ကယ်အနောက်က စီးနင်းလိုက်ပါလာတဲ့ မဖြူဇင်သန့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လိုလည်း သိရပါတယ်။ ပစ်ခတ်ခံရမှု‌ကြောင့် မဖြူစင်သန့် ရဲ့ ဝဲနားဖောက်ဝင်ဒဏ်ရာ (၁)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့လို ဒေသခံတွေဆီကသိရပါတယ်။