မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် ပြည်သူ ၁ ဦးအား PDF များမှ သတ်ဖြတ်

ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် မုံရွာမြို့ ထန်းတောရပ်ကွက် အင်းပတ်ကွေ့လမ်းရှိ အမှိက်ပုံအနီးတွင် အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်များအရ လုံခြုံရေးအဖွဲများက သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ PDF ပဒက်များမှ ဖမ်းဆီးသွားခဲ့သော အမျိုးသား ၁ ဦးဖြစ်ကြောင်းနှင့် ၎င်းtayဆုံးသူ အမျိုးသားအားPDF ပဒက်များက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ရက်ရက်စက်စက် လူမဆန်စွာဖြင့် ဦးခေါင်းဖြတ် သတ်ဖြတ်သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လုံခြုံရေးအဖွဲများက မုံရွာမြို ပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။