မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၃၁ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်၊ (၇၃)လမ်းနှင့်(၇၄)လမ်းကြား၊ (၃၂)လမ်းနှင့်(၃၃)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှု အနေနဲ့ ပေါက်စီပေါင်းသည့် မီးဖိုမှတစ်ဆင့်မီး‌လောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမီး‌လောင်မှုမှာ မောရဂီဝါရပ်ကွက်၊ (၃၂/အေ)လမ်း၊ ၇၃×၇၄ လမ်းကြား၊ အကွက် (၇၀၈) ၌ ရှိသည့် ရှိးခေါင်းပေါက်စီလုပ်ငန်းရှိမီးဖိုဆောင်အတွင်း ပေါက်စီပေါင်းမီးဖိုမှတစ်ဆင့် အနီးရှိထင်းပုံသိုမီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှတာ၀န်ရှိသူတစ်ဦးကပြောသည်။

မီး‌လောင်မှုကြောင့်ပျက်စီးဆုံးရှုးမှုတန်ဖိုးမှာသိန်း ၆၀ ကျော်ခန့်ရှိကြောင်း၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင်မီးငြိမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားသည့်နေအိမ်၏အိမ်ရှင်ဖြစ်သူအား ချမ်းအေးသာစံမြိုနယ်၊ အမှတ်(၈)မြိုမရဲစခန်း၌ (ပ- ၂၆/၂၀၂၃) ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။