မင်းသမီး ကေတီလူးဝစ်ဆောင်ဒါးစ်နဲ့ လက်ထပ်လိုက်တဲ့အကြောင်း မင်းသားဆောင်းဂျွန်ကီ ကြေညာ

မင်းသားဆောင်းဂျွန်ကီဟာ သူ့အတွက်မိသားစုဘဝ အသစ်တစ်ခုကို စတင်နေပြီဆိုတဲ့ အကြောင်း ကို ပရိသတ်တွေကို ကြေညာပေးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်မှာ တောင်ကိုရီးယား မင်းသားချော ဆောင်းဂျွန်ကီဟာ မင်းသမီးကေတီ လူးဝစ် ဆောင်ဒါးစ်နဲ့ လက်ထပ်လိုက်တဲ့ အ ကြောင်း ကြေညာခဲ့ပြီးသူ့ရဲ့ တရားဝင် Fan Café ကနေတဆင့် ပရိသတ်တွေဆီ အခုလို အသိ ပေးကြေညာတဲ့ စာတစ်စောင်ရေးသားခဲ့တာပါ။ ကောင်မလေးဟာ ၁၀နှစ်အရွယ် သမီးတစ်ယောက်ရှိပြီး အခုအခါ ဆောင်ဂျွန်ကီနဲ့ ရထားတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းလည်း ကိုရီးယားသတင်းတွေက ဖော်ပြထားပါတယ်။

“ ဟဲလို ကျွန်တော် ဂျွန်ကီပါ။ ကျွန်တော့ဘဝရဲ့ အပျော်ရွှင်ဆုံးနဲ့ အရေးအကြီးဆုံး ကတိကို ခင်ဗျား တို့အားလုံးနဲ့ မျှဝေချင်ခဲ့တာပါ။ ကျွန်တော့်ကို အားပေးကူညီပြီး အချိန်တွေအတူတူ ရှိပေးခဲ့တဲ့ ကေတီ လူးဝစ် ဆောင်ဒါးစ်နဲ့ ကျွန်တော့ ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေ အတူတူ ဖြတ်သန်းဖို့ကတိပေးထားတယ်။ သူမက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး စိတ်အားထက်သန်စွာ ဦးဆောင်ခဲ့တယ်။ ဉာဏ်ပညာလည်း ကြီးပြီး အံ့သြဖွယ်ကောင်းတဲ့ သူတစ်ဦးဖြစ်လို့ ကျွန်တော်လေးစားမိပါတယ်။ သူမကို ကျေးဇူးတင်ပါ တယ်။ ကျွန်တော် ပိုကောင်းတဲ့ သူတစ်ဦးဖြစ်လာမှာပါ။