ငရုတ်သီးလောင်တဲ့အခါ အိမ်တွင်းကုသနည်း ၅ နည်း

ထမင်းပွဲဟင်းပွဲမှာ ဘာလေးစားစား ငရုတ်သီးမပါတဲ့ဟင်းက အာခံတွင်းကိုမထိဘူးဆိုတဲ့ အစပ်ကြိုက်တဲ့သူတွေအတွက် တစ်ဖက်မှာပြန်ခံစားရတဲ့ဒုက္ခက ချက်ပြုတ်တဲ့အခါ ငရုတ်သီးအပူလောင်ပြီးလက်တွေစပ်ဖျင်းဖျင်းနဲ့ အပူလောင်ရတာပါပဲ။ ဒီလို ငရုတ်သီးအပူလောင်ရင် ခံရခက်တာမို့ အမြန်ဆုံးပျောက်ကင်းစေတဲ့ အိမ်တွင်းကုသနည်းလေးတွေကို ပြောပြပါရစေ။

၁) လက်ပူလောင်တဲ့အခါ အမြန်ဆုံးသက်သာစေတဲ့နည်းကတော့ မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ဆတူရောပြီးရတဲ့အနှစ်ထဲ လက်ကို ခြောက်တဲ့ထိ စိမ်ထားပြီးမှ ရေဆေးပါ။ဒါအမြန်ဆုံးသက်သာတဲ့နည်းပါပဲ။

၂) နောက်ထပ် အမြန်ဆုံးနဲ့အထိရောက်ဆုံးနည်းကတော့ ငရုတ်သီးလောင်ထားတဲ့လက်ကို အရက်ထဲစိမ်ပွတ်ပြီး ပန်းကန်ဆေးဆပ်ပြာနဲ့ စိမ်ဆေးပေးရမှာပါ။၂ခါလောက်ဆို ငရုတ်ပူတွေလက်မှာကင်းစင်သွားပါပြီ။

၃) အရမ်းအပူလောင်တာ ဆိုးရွားနေရင်တော့ အမြန်ဆုံးနဲ့အဆင်ပြေဆုံးက အက်ဆစ်တစ်မျိုးဖြစ်တဲ့ ဗီနီဂါထဲ စိမ်ဆေးထားရင် သက်သာပါတယ်။

၄) ပြောင်းမှုန့်ကလည်း ငရုတ်သီးအပူလောင်တာဖြစ်စေတဲ့ ငရုတ်သီးအပူဆီကို အမြန်ဆုံးသက်သာစေပါတယ်။ဒါ့ကြောင့် လက်ကို ပြောင်းမှုန့်ထဲ နှစ်ပြီး အချိန်ခဏထားထားရုံပါပဲ။

၅) ဟင်းသီးဟင်းရွက်ဆီ ဒါမှမဟုတ် သံလွင်ဆီကို ငရုတ်ပူလောင်တဲ့ လက်ထဲထည့်ပြီး အချိန်ခဏပွတ်တိုက်ပေးရင် ဖြည်းဖြည်းချင်းသက်သာစေပါတယ်။

ဒီလိုနည်းနဲ့ငရုတ်သီးပူလောင်တဲ့လက်တွေကိုသက်သာအောင်ကုသနိုင်ပါပြီ