အိန္ဒိယ လေတပ်လေယာဉ် နှစ်စီး လေထဲမှာ တိုက်မိပြီး လေယာဉ်မှူး တစ်ဦးသေဆုံး

အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ လေတပ်က လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး လေယာဉ်မှူး တစ်ယောက် သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောကြားပါတယ်။

အဲ့ဒီ လေယာဉ်တွေဟာ စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်မှု ပြုလုပ်ဖို့ သွားချိန်မှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ လေတပ်က ပြောကြားပါတယ်။