စစ်သားသမီးဘဝ(၃)/(၄)

စစ်သားသမီးဘဝ (၃)
:::::::::::::://::::::::::::::::::

ကျောင်းကပြန်ရောက်ပြီဆိုတာနဲ့……လွယ်အိတ်ကို သံချိတ်မှာပြေးချိတ်……ပီးရင် အမေရေ့….ဗိုက်ဆာတယ်😇

ပြောလည်းပြော…..အုပ်စောင်းလည်းဖွင့်……ရင်း
မနက်က….အကျန်နဲ့….နယ်ဖက်စားနေတုန်း….

သမီးရေ့…..ရှန်……မေ….
….လိုင်းထဲမှာ…..ဝက်စာ….လိုက်ကောက်ထားအူးနော်……….နောက်မကျစေနဲ့….(ဟုတ်)…….

ဝက်စာကောက်တယ်ဆိုတာက…….???

—– အဖေလစာတခုတည်းနဲ့…..စားစရိတ်….ကျောင်းစရိတ်…..နဲ့.အခြားဘာရီယလေးတေ…..ကာမိအောင်…..

အမေက…..​နောက်ဖက်မှာ

တနိုင်တပိုင်…..ဝက်မွေး..၃ ကောင်မွေးထား..တယ်….နို့စားနွားမ…၂ကောင်မွေးထားတယ်…..ကြက်နဲနဲပါးပါးပေါ့

ဘူး….ခရမ်း….ချဉ်ပေါင်…..တိုင်ထောင်ပဲလေးစိုက်ထားတယ်…….

အဲ့တာဝန်ကို…..အိမ်မှာရှိတဲ့အမေနဲ့….ကျွန်မက….ကျောင်းပြန်ချိန်နဲ့ ပိတ်ရက်တေ ဝိုင်းလုပ်တယ်……..

စရိတ်လည်း…အရမ်းမကျဘူးလေ…..
ဝက်တေအတွက်…..လိုင်းထဲမှာ….ပုံးတေနဲ့….အိမ်တချို့မှာ……ဝက်စာခံထားတယ်…..

နွား၂ကောင်ကို…..နေ့တိုင်း…ညနေကျောင်းကပြန်တာနဲ့…..ကျွန်မက….ကျောင်းတယ်…..

နွားကျောင်းရင်း…….ဝက်စာရွက်ဆိုတာလေ….သိတယ်မလား…..အဲ့အရွက်တေ….လိုက်ခူးထားတာ….ဆာလာအိတ်အပြည့်…

​နွားသိမ်းပြန်လာရင်…….ခူးလာတဲ့ဝက်စာရွက်ကိုစဉ်းပီး…..လိုက်ကောက်ထားတဲ့…..ဝက်စာကို…..

ရောကြို………ဖွဲနုထည့်…..ပီးရင်…ဝက်စာကျွေး…..(ဖွဲနုလောက်ပဲဝယ်ရတယ်)……👍

ဝက်ခြံနောက်မှာ…ဘူးစင်ထိုးထားလို့……အော်ဂဲနစ်အစစ်…..အရွက်ဖားဖား….အသီးထွားထွား….ဘူးသီးတေ….

ရောင်းလည်းရောင်း…စားလည်းစား…..ဝက်စာစုပေးတဲ့အိမ်တေလည်းပေး🤗

နွားချီးလည်း….ပြန်ရောင်းလို့ရတယ်နော်……(ထော်လာဂျီနဲ့ကို…လာဝယ်တာ…😊)

အဲ့လိုနဲ့……တဖက်တလမ်း…ကနေ…..ဝင်ငွေလေးတေ……ဖန်တီးပီး……

စည်းစနစ်နဲ့…….နေတတ်အောင်…လမ်းပြပေးတဲ့မေမေ..ကိုလည်း……သိပ်ကျေးဇူးတင်တယ်…..

💚💚💚💚
စစ်သားတယောက်ရဲ့မိန်းမလုပ်ရတာ👉…..လွယ်တာမှတ်လို့…….

#SuYee:::::သန်မာတဲ့အမျိုးသမီး….မေမေ😍

စစ်သားသမီးဘဝ(၄)
::::::::::::::::::///:::::::::::::

သမီးရေ့…..ဒီနေ့…ပေးအဖွဲ့ရှိတယ်ပြောတယ်…အမေ….ဈေးဆိုင်သွားလိုက်မယ်….

ငါ့သမီးက…..ညည်းအဖေအတွက်….စာရေးထားလိုက်နော်…..အမေပြန်လာရင်တခါတည်းထည့်ပေးရုံပဲ………

ဟုတ်……မေ……😁😁😁

စပါပီ….

စာထဲမှာ……အမေကောသမီးကော….နေကောင်းတဲ့အပြင်…..

တိရစ္ဆာန် တေနေကောင်းကြောင်း…..

ဘယ်နှကောင်ပေါက်ကြောင်း….

လပတ်စာမေးပွဲမှာ အမှတ်ဘယ်လောက်
အဆင့်ဘယ်လောက်ရကြောင်း…..

ဘာကိုမှစိတ်မပူဖို့……ဖေကြီးသာ….နေကောင်းကျန်းမာအောင်နေဖို့နဲ့အန္တရာယ်ကင်းအောင် ဘုရားရှိခိုးဖို့မမေ့ဖို့…..

အရက်မသောက်ဖို့…..စတာတေ…အကုန်စုံပလုံစိရေးပီးရင်တော့….😅

ကရင်ဂွင်ဆိုရင်…..

ကရင်ဂါဝန်လေးဝယ်ခဲ့နော်ဖေဖေအနီလေးဆိုပီး……စာကိုပိတ်လိုက်ရော😂

အမေပြန်လာရင်……ထုပ်ပိုးဖို့ပြင်ပီ….
ငခြောက်အစိမ်း….. ပွတ်ချွန်းလို့ခေါ်တဲ့…(ဆေးလိပ်)..အမှုန့်သပ်သပ်…အရွက်သက်သက်……

ပီးရင်ဆေးဝါး…..အကြော်အလှော်…နဲ့ပိုက်ဆံနဲနဲပေါ့…..စာကအမေတစ်စောင် ကျွန်မတစောင်…အကုန်ထုတ်ပိုးပီး………လစာကြပ်ကိုသွားပေးပြီ…..

ညကျမှသားအမိတေ အဖေ့စီကပါတဲ့ စာ တယောက်တစောင်စီ ဖောက်ဖတ်ရင်း အပြုံးကိုယ်စီဖြင့်…….😊😍

#SuYee….ဖေဖေအန္တရာယ်ကင်းပါစေဘုရားရှိခိုးတိုင်းဆုတောင်းရတာအမော🙏🙏🙏🍀