ရွှေတိဂုံစေတီတော်ကြီး ၅နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်တာကြောင့် ယခုနှစ် ရွှေသင်္ကန်းအသစ်ကပ်ဖို့အလှူခံနေ

ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး နဲ့ အရံစေတီတွေကို ၅နှစ်ပြည့်တိုင်း ရွှေသင်္ကန်းလဲလှယ်ကပ်လှူရာမှာ အခုနှစ်ဟာ ၅နှစ်ပြည့်သွားပြီဖြစ်လို့ ရွှေသင်္ကန်းအသစ်ကပ်လှူရန် အလှူခံနေပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံစေတီတော်ကြီးအား ၂၀၁၈ခုနှစ်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်ကစလျှင် အခုနှစ် ၂၀၂၃ခုနှစ်ဟာ ၅နှစ်ပြည့်ပြီးတာကြောင့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး စီစဉ်နေပြီး ဘုရားပေါ်က အလှူခံဌာနတွေမှာ လှူဒါန်းလိုသူတွေ လာရောက်လှူဒါန်းဖို့နှိုးဆော်မှုတွေရှိနေတာလို့ ဆိုပါတယ်။