ဆန်ကုန်သည်များက စပါးထွက်နှုန်းခန့်မှန်းချက်ကြောင့် ဆန်စပါးဈေးမြင့်တက်မှုရှိနေ

လာမယ့် နွေစပါးစိုက်ရာသီနဲ့ မိုးစပါးစိုက်ပျိုးရာသီတွေမှာ စပါးထွက်နှုန်းနည်းပါးနိုင်ကြောင်း ဆန်ကုန်သည်တွေက ခန့်မှန်းထားတာကြောင့် ဈေးကွက်အတွင်း ကြိုင်တင်စနစ်နဲ့ဝယ်ယူမှုတွေရှိနေပြီး ဆန်စပါးဈေးနှုန်းများ မြင့်တက်နေကြောင်း သိရပါတယ်။

ပြည်တွင်းစပါးဈေးကို ကြည့်ပါက တင်း၁၀၀မှာ ၁၆သိန်းဝန်းကျင်အထိစံချိန်တင် ဈေးမြင့်လာခဲ့ကာ ယခင်ပေါက်ဈေးထက် ၅သိန်းဝန်းကျင်လောက်ဈေး မြင့်လာနေကာ ဆန်ဈေးနှုန်းတွေလည်း ယခင်ထက် ငွေကျပ်၂သောင်းကျော်လောက်ဈေးကွာဟ ချက်ဖြစ်လာနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။