ကမ္ဘာစစ်ကြီးနှစ်ခုကို မီခဲ့တဲ့အမျိုးသမီး ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်လာ

၁၉၀၇ ခုနှစ်တုန်းက အမေရိကန်၊ ဆန်ဖရန်စစ္စကိုမှာ မွေးဖွားခဲ့တဲ့ မာရီယာ ဘရန် ရက်စ် မိုရီရာဟာ အခုတော့ အသက် ၁၁၅ နှစ်နဲ့ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနှစ်ခုမှာတောင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဒီကနေ့အထိ သက်ရှိထင်ရှားရှိနေတဲ့သူလည်း ဖြစ်ပါတယ်။ မိုရီရာမှာ သားသမီး ၃ ဦး၊ မြေး ၁၁ ဦး၊ မြစ် ၁၃ ဦးရှိပြီး အခုသူမကကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းရဲ့ ပြောပြချက်အရ သိရပါတယ်။ အလွန်အိုမင်းပေမယ့် သူငယ်မပြန်၊ စိတ်မလွတ်သေးဘူးလို့ သူမကိုယ်သူမ သတ်မှတ်ဖော်ပြခဲ့ပါတယ်။