မလေးရှားမှာ မြန်မာတစ်ဦး ကျပ်သိန်း ၂၀၀၀တန်ဖိုးရှိ မလေးရှားထီဆွတ်ခူး

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦး ကျပ်သိန်း ၂၀၀၀တန်ဖိုးရှိ မလေးရှားထီဆု ဆွတ်ခူးခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံက သိရပါတယ်။

မလေးရှား ၆လုံးထီဆု ဆွတ်ခူးသူ ကံထူးရှင်သည် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ပထမအပတ်မှာ ဆုပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါမှ ဆုငွေလာထုတ်ဖို့ အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။

ကံထူးရှင်သည် မြင်းခြံမြို့နယ်သားဖြစ်ပြီး နှလုံးလှပရဟိတအသင်းရဲ့ ပရဟိတလုပ်ဆောင်မှုများအတွက် ရင်းဂစ် ၅၀၀၀ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားများသည် မကြာခဏဆိုသလို ထီဆုကြီးများ ဆွတ်ခူးလေ့ရှိကာ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁၁၀၀ကျော်တန်ဖိုးရှိ ထီဆု ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။