လူတွေကြားမှာ ဟာသဖြစ်နေတဲ့ NUG ကွန်ဒိုဂျင်း

နိုင်ငံခြားမှာ Stay ရှောင်နေရတဲ့ NUG အဖွဲက ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ပိုင်မြေနေရာမှာ
“ရဲရင့်နွေဦး ကွန်ဒို” တိုက်ခန်းတွေ ရောင်းချပေးနေတဲ့ဆိုတဲ့သတင်းက ပြည်သူတွေအကြားမှာ ဟာသသတင်း
တစ်ပုဒ်အဖြစ် ရေပန်းစားနေပါတယ်
ဟာသ ဘာလိုဖြစ်လဲ ဆိုတော့
တပ်ပိုင်မြေပေါ်မှာ အဆောက်အဦမဆောက်ရသေးဘဲ နာမည်လှလှလေးပေးပြီး လေလှိင်းထဲကနေ
တိုက်ခန်းပေါင်း ၇၇၀ ကို နာရီပိုင်းအတွင်း ရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ အံ့ဩဖွယ်သတင်းကြောင့်
ဖြစ်ပါတယ်
ဒီထက် ပိုရီချင်စရာကောင်းတာက အခန်း ၇၇၀ ကို $ ၁၀ သန်းကျော်နဲ့ ရောင်းချခဲ့တယ်ဆိုတဲ့ ယုတ္တိမရှိတဲ့
ထုတ်ပြန်ပြောဆိုခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲ? ထိတ်ထိတ်ကြဲ VVIP တွေသာ အနားကပ်နိုင်တဲ့ ကမ္ဘာအေး
ဘုရားလမ်းက မြေနေရာတစ်ခုဟာ $ သန်းရာချီတန်ပါတယ်
သူတိုပြောအရ တွက်ကြည့်မယ်ဆိုရင် ကွန်ဒိုခန်း ၇၇၀ ကို $ ၁၀ ကျော်ဆိုတော့ တစ်ဒေါ်လာကို ၂၈၀၀ ကျပ်နှုန်း
နဲ့တွက်မယ်ဆိုရင် တစ်ခန်းကို ၃၆၅ သိန်းကျော်သာဖြစ်ပါတယ်။ သိန်း ၃၀၀ ကျော်လောက်နဲ့တော့ ကမ္ဘာအေး
ဘုရားလမ်းမှာ ကွန်ဒိုတိုက်ခန်းမပြောနဲ့ အိမ်သာ ၁ လုံးတောင် ဝယ်လိုရမယ် မထင်ပါဘူး။ မြေပိုင်ဆိုင်မှုလည်း
မရှိ၊ အဆောက်အဦလည်း မဆောက်ရသေးဘဲ နာရီပိုင်းအတွင်း ကြိတ်ကြိတ်တိုး $ ၁၀ သန်းဖိုး ရောင်းရတယ်ဆို
တော့က လူတွေကြား ဟာသဖြစ်နေတာ မဆန်းကျယ်ပါဘူး။
ဆန်းကျယ်တာကတော့
ယုတ္တိမရှိတဲ့ ဟာသဆန်ဆန် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ထုံးစံအတိုင်း မမပျံနဲ့ လူလိမ် MYNT တိုက အကြီး
အကျယ်အောင်ပွဲခံ ပြောဆိုမှုတွေကို ယုံကြတဲ့ နီပိတ်အချိုရှိနေတာက ထူးဆန်းနေတာပါ
အမှန်ကတော့
ထောက်ခံမှုကျဆင်းနေပြီး ခွက်ခေါက်တောင်းလည်း အလှူငွေမရ ဖြစ်နေခြင်းကို စိတ်ဓာတ်မြှင့်တင် (Moti)
လုပ်ပြီး သူဌေးကြီးတွေက သူတိုဘာပဲလုပ်လုပ် ထောက်ခံအားပေးနေတဲ့အကြောင်း ပြည်သူတွေကို လိမ်ဆင်
ဇာတ်လမ်းတွေနဲ့ ဂျင်းထည့်နေခြင်းဖြစ်ပါတယ်
ဘယ်နေရာမှန်းမသိ၊ ဘာမှ မဆောက်ရသေးတဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို လေလှိင်းပေါ်မှာ လေရောင်း/
လေဝယ်လုပ်နေကြတဲ့ လေလှိင်းပေါ်က အရူးများသာ ဖြစ်တယ်လို ဆိုလိုက်ချင်ပါတယ်။