ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်တဲ့ ကမ္ဘာ့အကြီးမားဆုံး ပီဇာကိုဖန်တီး

ကမ္ဘာကျော် ပီဇာ ဟတ်ကုမ္ပဏီဟာ ယူကျုု့ဘာ အဲရစ် ( အဲရစ် ဒက်ကာ) ရဲ့ အကူအညီနဲ့ ဂင်းနစ် ကမ္ဘာ့စံ ချိန်တင်မှတ်တမ်းဝင် ကမ္ဘာ့အကြီးမားဆုံး ပီဇာကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်က လော့အန်းဂျလိစ် ကွန်ဗင်းရှင်းစင်တာမှာ စတုရန်းပေ ၁၄၀၀၀ နီးပါးရှိတဲ့ ပီဇာကို မုန့်ဖုတ်မှုန့် အစိမ်း ၃၆၅၃ ပေါင်၊ မာရီ ရာနာ ဆော့ ၄၉၄၈ ပေါင်၊ ဒိန်ခဲ ၈၈၀၀ ပေါင်ကျော်နဲ့ ပက်ပါရွန်နီ ၆၃၀၄၉၆ ပေါင်တို့နဲ့ ဖုံးအုပ်ပြီး ပီဇာဖုတ်ခဲ့တယ်လို့ သိရပါတယ်။

ပီဇာ ဟတ်က အလုပ်သမားတွေနဲ့ ဘလော့ဂါတို့ကာ မုန့်အသားအလွှာတွေနဲ့ ဆော့စ်၊ ပါဝင်ပစ္စည်းတွေကို တစ်လွှာ ချင်း ဖြူးပြီး မုန့်ဖုတ်ကာ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ စံချိန်ချိုးဖျက်နိုင်တဲ့ ပီဇာကို အချပ်ရေ ၆၈၀၀၀ မလှီးဖြတ်မီ ရွေ့လျားနိုင်တဲ့ မီးဖို အပူပေးစက်နဲ့ အပိုင်းပိုင်း ဖုတ်ခဲ့ တာဖြစ်တယ်လို့ သိရပြီး ပီဇာမုန့်ဖုတ်ပြီးတဲ့နောက် အများစုကို ဒေသဆိုင်ရာ ပရဟိတအဖွဲ့တွေဆီ လှူဒါန်းခဲ့တယ်လို့ သိရပါ တယ်။

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ယူကျူ့ဘာ အဲရစ်က အခုလို ကမ္ဘာ့အကြီးမားဆုံး ပီဇာကြီးကို ဖန်တီးလိုက်ခြင်းက သူ့ရဲ့ ၈ နှစ်မြောက် မွေးနေ့ပါတီတုန်းက မလာရောက်ခဲ့တဲ့သူတွေအားလုံးကို လက်စားချေဖို့အတွက် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။