နိုင်ငံတကာ အာကာသ စခန်းမှာ ရမာဒန်ကာလအတွင်း ဥပုသ်စောင့်စရာမလိုဘူးလို့ ပြောကြား

လာမယ့် အာကာသ ခရီးစဉ်မှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လ ရမာဒန်ကာလ အတွင်း မိမိအနေနဲ့ ဥပုသ်စောင့် စရာလိုအပ်မှာ မဟုတ်ဘူးလို့ အာရပ်အော်ဘွားများပြည်ထောင်စု(ယူအေအီး) အာကာသ ယာဉ်မှူး ဆူလ်တန် အယ်လ် နူယာဒီက ဇန်နဝါရီ ၂၅ရက်က ပြောကြားပါတယ်။

အယ်လ် နူယာဒီဟာ ၄၁နှစ်ဟာ SpaceX Falcon 9 ဒုံးပျံယာဉ်နဲ့ လာမယ့်လမှာ နိုင်ငံတကာ အာကာသစခန်း (ISS)ကို ပထမဆုံး အာရပ် အာကာသယာဉ်မှူး အဖြစ် ထွက်ခွါမှာ ဖြစ်ပြီး ခြောက်လကြာ နေထိုင်မှာ ဖြစ်ပါတယ်။

နာဆာရဲ့ အာကာသ ယာဉ်မှူး နှစ်ယောက် ရုရှား အာကာသ ယာဉ်မှူး တစ်ယောက်တို့နဲ့ အတူ အယ်လ် နူယာဒီဟာ SpaceX Dragon Crew-6အာကာသ ယာဉ်အမှုထမ်း‌တွေ အဖြစ် ဖေဖော်ဝါရီလ ၂၆ရက်မှာ နိုင်ငံတကာ အာကာသ စခန်းကို ထွက်ခွါမှာ ဖြစ်ပါတယ်။