ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက် PDFများနှင့် တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီလ ၂၆ ရက်က ပခုက္ကူမြို့နယ်အတွင်း တပ်မတော်လုံခြုံရေးအဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်
ပခုက္ကူလေယာဉ်ကွင်း၏ အနောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် ကန္တရဆူးခြုံများအတွင်းမှ အကြမ်းဖက်သမားများ သိမ်းဆည်းထားသည့်
လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါနေရာမှ ထွက်ခွာလာစဉ် Drone ၁ စီးသည် အမြင့်မီတာ ၅၀၀ ခန့်အကွာမှ ပျံသန်းရောက်ရှိလာပြီး
Bomb ၁ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ စစ်သည် ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်…။