မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့

ဇန် ၂၅ ရက်နေ့က တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ဒေသခံများရဲ့ သတင်းပေးမှုကြောင့် မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိပစ္စည်းများကတော့ –
(၁) WY စိတ်ကြွဆေးပြား (၆၅)သိန်း ပြား။
(၂) ICE (၁၉၂)ကီလိုဂရမ်။
(၃) M-16 သေနတ် (၁)လက်၊ ကျည်အိမ် (၁၁)ခု။
(၄) HK-33 သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု။
(၅) K-12 သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု။
(၆) ၉ မမ ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု။
(၇) ကျည်မျိုးစုံ (၁၇၀၀)တောင့်။
(၈) တရုတ်လက်ပစ်ဗုံး (၇)လုံး။
(၉) တစ်လုံးထိုးပြောင်းချော (၁)လက် တို့ ဖြစ်ပါတယ် ။