ဘုန်းကြီးတစ်ပါး သင်္ကန်းဝတ်နဲ့ အရက်မူးနေလို့ လူဝတ်လဲပေးလိုက်ရ

ရန်ကုန်မှာ ဘုန်းကြီးတစ်ပါး သင်္ကန်းဝတ်နဲ့ အရက်မူးနေလို့ လူဝတ်လဲပေးလိုက်ရတယ်လို့ စမ်းချောင်းမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့က သိရပါတယ်။

သင်္ကန်းဝတ်နဲ့ အရက်မူးနေသည့် ဘုန်းကြီးမှာ ဦးကောဝိဒ(ခ) ဦးကျော်မင်းထွန်းဆိုသူ ဖြစ်ပြီး ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ် သပြုကုန်းအုပ်စု ( သာသနာ အမှတ်မရှိ – လူမှတ်ပုံတင် မရှိ) သည့် ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် သင်္ကန်းဝတ်နဲ့ အရက်မူးနေလို့ လူဝတ်လဲပေးရတယ်လို့ စမ်းချောင်းမြို့နယ် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တစရိယမိန့်ကြားထားပါတယ်။

သင်္ကန်းဝတ်နဲ့ အရက်မူးနေတဲ့ဘုန်းကြီးဟာ အသက် ၃၉ နှစ် ဝါတော် ၂၉ ဝါရှိတယ်လို့လည်း စမ်းချောင်းမြို့နယ် မြို့နယ် သံဃနာယကအဖွဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။