ဒူဘိုင်းဟိုတယ်ဖွင့်ပွဲအတွင်း အဆိုတော်ဘီယွန်းဆေး တစ်မိနစ်ကိုဖျော်ဖြေခ ဒေါ်လာ ၃သိန်းခန့်ရ

Queen B လို့ခေါ်ကြတဲ့ အဆိုတော် ဘီယွန်းဆေးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တုန်းက ဒူဘိုင်းက သီးသန့်ဖျော်ဖြေပွဲအတွင်း တစ်မိနစ်လျှင် ဒေါ်လာ ၃သိန်းခန့် ( မြန်မာငွေ သိန်း ၈၀၀၀ကျော်) ဖျော်ဖြေခရခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၁နှစ်အရွယ်ရှိ ပေါ့ပ်စတား ဟာ ယူအေအီးနိုင်ငံက ထိပ်တန်းဇိမ်ခံဟိုတယ် အတ္တလန်တစ် သည်ရွိုင်ရယ်လ်ဟိုတယ်ဖွင့်ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့ပြီး ဒါက ငါးနှစ်တာအတွင်း သူမအတွက် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လည်မြင်တွေ့ ရခြင်းလည်း ဖြစ်ပါတယ်။