ရေး-လမိုင်းရထားလမ်းဘေးမှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ (၁၃)နှစ်အရွယ် ကလေးတဦးရဲ့ရုပ်အလောင်း တွေ့ရှိ

ဘယ်လိူ အငြှိးတွေကြောင့်များ အပြစ်မရှိတဲ့ ကလေးကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတာလဲ

အဲ့ဒီကလေးငယ်ရဲ့ ရုပ်အလောင်းကို သစ်ကိုင်းတွေနဲ့ ဖုံးဖိဖျောက်ဖျက်ထားတာဖြစ်ပြီး အလောင်းတွေ့ရချိန်မှာ သတ်ဖြတ်ခံထားရတာ ငါးနာရီဝန်းကျင်ကြာပြီလို မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

“သူ့အဖေအမေအလုပ်လုပ်တဲ့ခြံထဲမှာကလေးကသေနေတာ” လို ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီခြံပိုင်ရှင်က အလောင်းကိုတွေ့လို ဒေသတွင်းပရ ဟိတအဖွဲတွေ၊အုပ်ချုပ်ရေးနဲ့ ရဲအဖွဲတွေဆီအ ကြောင်းကြားခဲ့တာလိုဆိုပါတယ်။

ကလေးငယ်ရဲ့ရုပ်အလောင်းမှာ ဘယ်ဘက်လက် ကောက်ဝတ်ဟာပြတ်လုနီးပါးဒဏ်ရာ၊ဦးခေါင်းပြတ်ရှ ဒဏ်ရာတွေရထားတယ်လိုမျက်မြင်ဒေသခံကပြောပါတယ်။

အဲ့ဒီကလေးအလောင်းတွေ့မှုနဲ့ပတ်သက်လို သံသယရှိသူနှစ်ဦးကို လမိုင်းမြိုမရဲစခန်းမှာဖမ်းဆီးစစ် ဆေးနေတယ်ဟု ကနဦးသိရသည်။