ရန်ကုန်- ပြည်လမ်းမှာ ခရီးသည်တင်ကား၊ ကျောက်တင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိ

ရန်ကုန်- ပြည်လမ်း ဥက္ကံမြို့မှာ ခရီးသည်တင်ကား အပါအဝင် အုတ်သဲကျောက် တင်ကားနှင့် ဆိုင်ကယ်တို့ တိုက်မိလို့ ၁ ဦး သေဆုံးပြီး ၁ ဦး ပေါင်ကျိုးသွားတယ်လို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့)မှ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၂၃ ရက်နေ့က ရန်ကုန် -ပြည်လမ်း ဥက္ကံမြို့ တောင်ဘက် အထွက်မှာ ရန်ကုန်ဘက်မှလာသော ဆိုင်ကယ်နှင့် အုတ် သဲကျောက်တင်သောကား၊ မျိုးဆက်သစ် ခရီးသည်ယာဉ်တို့တိုက်မိမှု ဖြစ်ခဲ့တာပါ။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်မှ အမျိုးသမီး (၁)ဦးသေဆုံးပြီး အမျိုးသား (၁) ဦး ပေါင်ကျိုး ဒဏ်ရာ ရရှိကာ မျိုးဆက်သစ်ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ပေါင်ကျိုး ဒဏ်ရာရရှိတဲ့ အမျိုးသား ၁ဦးကိုတော့ မေတ္တာရေစင် အသင်းက ရန်ကုန် ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။