သုံးထပ်တိုက် သံဃာ့ကျောင်းဆောင်သစ်အတွက် အလှူငွေများလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား ဖူးမြော်ကြည်ညိုကြပြီး   အသစ်ဆောက်လုပ်လျက်ရှိသော သုံးထပ်တိုက် သံဃာ့ ကျောင်းဆောင်သစ်အတွက် နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။