မတော်တဆဖြစ်ပြီး အရိုးကျိုးသွားခဲ့တဲ့ Avengersဇာတ်ကား ကြယ်ပွင့် ဂျရီမီ ရန်နာ

Marvelကုမ္ပဏီထုတ် Avengersဇာတ်ကားတွေမှာ Hawkeye ဇာတ်ကောင် အဖြစ် သရုပ်ဆောင်တဲ့ မင်းသား ဂျရီမီ ရန်နာက ဆီးနှင်းတွေ ရှင်းလင်းရာမှာ မတော်တဆဖြစ်ပြီး အရိုးနေရာ ၃၀ကျာ် ကျိုးသွားခဲ့တယ်လို့ ဇန်နဝါရီ ၂၁ရက်က ပြောကြားပါတယ်။

အီဗားဒါးပြည်နယ် မြောက်ပိုင်းက သူ့ရဲ့ အိမ်မှာ ဆီးနှင်းထဲ မြုပ်နေတဲ့ ကားတစ်စီးကို တူးဖော်ဖို့ အသုံးပြုတဲ့ ဆီးနှင်းတူးတဲ့ကား တက်ကြိတ်မိပြီး အသက် ၅၁နှစ်အရွယ် ရန်နာ တစ်ယောက် ဆေးရုံတက်ခဲ့ရပါတယ်။

မိမိကို မက်ဆေ့ချ်ပေးပို့ပြီး ဆုတောင်ပေးကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး အခုအချိန်မှာတော့ ကျိုးသွားတဲ့ အရိုးတွေကို ပြန်ကောင်းအောင် ကုသနေရတယ်လို့ ရန်နာက သူ့ရဲ့ တွစ်တာနဲ့ အင်စတာဂရမ် အကောင့်တွေမှာ ရေးသားဖော်ပြထားပါတယ်။