ဆောင်းတွင်းမှာ ရေအေးနဲ့ချိုးမလား  ရေနွေးနဲ့ချိုးမလား

အခုလိုဆောင်းရာသီချမ်းအေးသောအချိန်တွင် ရေနွေးနှင့်ရေအေး သင်ဘာနဲ့ရေချိုးမလဲ ?အဖြေကို သင်ကိုယ်တိုင်ဖြေကြည့်ပါ။ရေအေးနဲ့ချိုးရမလား? ရေနွေးနဲ့ချိုးရမလား? ရေအေးနဲ့ချိုးရင် လေဖြတ်လိမ့်မယ်ဆိုသော စကား။ရေနွေးနဲ့မချိုးနဲ့ အပူအအေးမမျှဘဲနေလိမ့်မယ်ဆိုသောစကား။ဘယ်စကားသည် အတည်ဖြစ်နိုင်လဲ?ဘယ်လိုချိုးရမလဲ?ဘာကောင်းကျိုး။ဘာဆိုးကျိုးရှိမလဲ ?

(1)ရေနွေးနှင့်ရေချိုးခြင်း
တစ်နေကုန် ပင်ပန်းနွယ်နယ်လာသမျှ ရေနွေးလေးနဲ့စပ်ချိုးလိုက်ခြင်းသည် အပန်းဖြေနည်းတစ်မျိုးဖြစ်ပါတယ်။ရေနွေးစပ်ချိုးခြင်းသည် သွေးလည်ပတ်မူကိုအားကောင်းစေပါတယ်။ကိုယ်လက်ကြွက်သား ကိုက်ခဲမူကိုပြေလျော့စေပါတယ်။

(2)ရေအေးနှင့်ရေချိုးခြင်း
ရေအေးနှင့်ချိုးလျှင် ရေနွေးကဲ့သို့ လန်းဆန်းမူမရနိုင်သော်လည်း အခြားသောကျန်းမာရေးကောင်းကျိုးများရှိပါတယ်။ရေအေးနှင့်ချိုးခြင်းသည် အပျော်တမ်းအားကစားသမားများနှင့်ပြိုင်ပွဲဝင်အားကစားသမားများအတွက် အဓိကလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။လူအများစုက ပင်ပန်းနွယ်နယ်စဉ် ရေနွေးနဲ့စပ်ချိုးချင်ကြပါတယ်။

ဆောင်းရာသီတွင်ရေအေးနှင့်ချိုးခြင်းသည်ဘာကြောင့်ပိုကောင်းသလဲဆိုသောအချက်မှာအောက်ပါအတိုင်းဖြစ်ပါတယ်။

-တက်ကြွလန်းဆန်းမူကိုဖြစ်စေခြင်း

ဆောင်းရာသီချမ်းအေးနေချိန်တွင် အလုပ်သွားရန်ရှိသောကြောင့် အိပ်ရာထက်တွင် တိုးဝှေ့အိပ်ရန်မဖြစ်နိုင်ပါ။ထို့အချိန်တွင် ရေချိုးရန်ရေအေးကိုသာသင်ရွေးရပါလိမ့်မယ်။ရေအေးချိုးစဉ် အသက်ပြင်းပြင်းရှုရသောကြောင့် အောက်ဆီဂျင်များများရရျ် တနေကုန် လန်းဆန်းနေပါလိမ့်မယ်။

-အသားအရေအတွက်ကောင်းခြင်း

ဆောင်းရာသီတွင် အသားအရေနဲ့ဆံပင်များ ခြောက်သွေ့တတ်ပါတယ်။ ရေနွေးနဲ့ချိုးလျှင် အဆိုပါခြောက်သွေ့မူကိုပိုဆိုးစေပါတယ်။ထို့ကြောင့်ရေနွေးချိုးမလား? ရေအေးနဲ့ချိုးမလား? စဉ်းစားကြည့်ပါ။ ရေအေးချိုးခြင်းသည် ချွေးပေါက်ကျဉ်းစေပြီ းအသားအရေတင်းစေပါတယ်။

-ကိုယ်ခံအားနှင့်သွေးလည်ပတ်မူအားကောင်းစေခြင်း

ဆောင်းရာသီတွင်ကိုယ်ခံအားကောင်းမွန်ရန်အထူးလိုအက်ပါတယ်။အခုလိုရာသီသည် အအေးမိနှာစေးတုပ်ကွေးအဖြစ်များသောကြောင့်ဖြစ်ပါတယ်။ရေအေးသည် ကိုယ်တွင်းကလီစာများဆီသို့ သွေးလည်ပတ်မူအားကောင်းစေပါတယ်။ထို့ကြောငိ့ ကိုယ်ခံအားစနစ်ကိုပိုမိုအားကောင်းစေပါတယ်။

-စိတိဖိစီးမူလျော့ကျစေခြင်း
အေးမြသောရေကန်အတွင်းအလျင်အမြန်ဒိုင်ဘင်ထိုးချလိုက်ပါက ယူရစ်အက်ဆစ်ကိုကျစေပါတယ်။ထို့ကြောင့် ကိုယ်တွင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းများလျော့ကျခြင်းကိုဟတားဆီးပေးပါတယ်။

-ကြွက်သားနာကျင်မူသက်သာစေခြင်း
အေးသောရာသီတွင် အခံရခက်သောဝေဒနာတစ်ခုမှာကြွက်သားနာကျင်ကိုက်ခဲခြင်းဖြစ်ပါတယ်။လေ့ကျင့်ခန်းတစ်ခု သို့မဟုတ် လူပ်ရှားမူတစ်ခုပြုလုပ်တိုင်း ကြွက်သားပိုနာကျင်ရပါတယ်။ရေအေးနှင့်ချိုးခြင်းသည် အကောငိးဆုံးသက်သာစေသောနည်းတစ်ခုဖြစ်ပါတယ်။

(3)သင် ဘာနဲ့ရေချိုးလျှင်အဆင်ပြေဆုံးလဲ ?
အသက်အရွယ်ငယ်လွန်သူများနှင့် ကြီးလွန်သူများအတွက် ရေနွေးနှင့်စပ်ချိုးခြင်းသည် ပိုအကျိုးများပါတယ်။

ဆယ်ကျော်သက်လူငယ်နှင့်လူလတ်ပိုင်းများအတွက်ရေအေးနှင့်ချိုးနျုင်ပါတယ်။ကျောင်းသားကျောင်းသူများ လန်းဆန်းတက်ကြွစေရန်ရေအေးနှင့်ချိုးခြင်းသာအကောင်းဆုံးပါ။
အချို့လူများသည် ရေကိုစောစောချိုးခြင်းအလေ့အကျင့်ရှိပါက ရေအေးနှင့်သာချိုးပါ။ညနေပိုင်းချိုးလျှင်ရေနွေးစပ်ချိုးပါ။လေ့ကျင့်ခန်းမလုပ်ခင်ချိုးလျှင်ရေနွေးနှင့်ချိုးပါ။
အစာမကြေခြင်းနှင့်အသည်းရောဂါရှိလျှင်ရေအေးနှင့်ချိုးပါ။အဆစ်အမြစ်နာ။အရိုးနာ။ခြေဖဝါးနာကျင်သူများသည် ရေနွေးနှင့်ချိုးပါ။
ထို့ကြောင့် ဆောင်းရာသီတွင် မိမိသည် ဘာနဲ့ရေချိုးသင့်သလဲ မိမိကိုယ်တိုင်စဉ်းစားရွေးချယ်ပါ။

(Dr.ပြည့်ရှင်ရေးသားမှုအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်)