PDF အကြမ်းဖက်သမားများမှ ဓာတ်အားလိုင်းတာဝါတိုင်အား ဖောက်ခွဲမှု သတင်းထုတ်ပြန်ခြင်း

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များမှ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်  နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ တာဝါ တိုင်(၁)တိုင်ကို  ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်ပြိုလဲ ပျက်စီးခဲ့ပါသည်။ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါတိုင်ပေါင်း (၂၃) တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကိုဆောင်ရွက်လျက်ရှိပါသည်။