ဖောင်းကြွနံပါတ်ပြားအသစ်တွေ မတ်လ၃၁ရက်နေ့ အပြီးတပ်ဆင်နိုင်ဖို့ ညွှန်ကြားထား

မြန်မာနိုင်ငံတွင်းက မော်တော်ယာဉ် တွေ အားလုံးအနေနဲ့ လာမယ့် မတ်လ၃၁ရက်နေ့ ကိုနောက်ဆုံးထားကာ ထပ်တိုးသတ်မှတ်ချက်တွေပါဝင်တဲ့ ဖောင်းကြွနံပါတ်ပြား အသစ်တွေ အပြီးပြောင်းလဲတပ်ဆင်ဖို့ ဖို့ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

ဖောင်းကြွနံပါတ် ပြားအသစ်ဟာ မူလ နံပါတ်ပြားအဟောင်းတွေ နဲ့မတူပဲ မြို့နယ်ကိုယ်စားပြုဂဏန်း ဖော်ပြချက်နဲ့မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်ကို ထပ်တိုးထည့်သွင်းရိုက်နှိပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် လဲလှယ်တပ်ဆင်ပေးခြင်း ကို ပြီးခဲ့တဲ့၂၀၂၁ခုနှစ် ဇူလိုင်လ၁ရက်နေ့ထဲက ပြုလုပ်ပေးနေတာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ လည်း ကနဦးမှတ်ပုံတင်ယာဉ်များ၊နယ်ဝင်/အမည်ပြောင်း/လိပ်စာပြောင်း/အင်ဂျင်ပြောင်း/ဆေးရောင်ပြောင်း/မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်ပျောက်/မော်တော်ယာဉ်မှတ် ပုံတင်သက်သေခံလက်မှတ်ပျောက်ယာဉ်များနဲ့နှစ်လဲသက်တမ်းတိုးယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ်များကို ပြောင်းလဲတပ်ဆင်ပေးလျက်ရှိနေတယ်လို့ဆိုပါတယ်။