မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ဆင်ခြင်နားလည်ထားပါ

သောကတရားလည်းရှိနေတော့
အမြဲပျော်ချင်လို့ ဘယ်ရပါ့မလဲ ။

ဒုက္ခတရားလည်းရှိနေတော့
အမြဲအဆင်ပြေချင်လို့ဘယ်ဖြစ်မလဲ ။

ပျက်စီးခြင်းတရားရှိနေတော့
အမြဲသိမ်းပိုက်ထားလို့ဘယ်ရပါ့မလဲ ။

အိုခြင်းတရားရှိနေတော့
အမြဲလှချင်နေလို့ ဘယ်ဖြစ်မလဲ ။

နာခြင်းတရားလည်းရှိနေတော့
အမြဲကျန်းမာချင်လို့ ဘယ်ဖြစ်မလဲ ။

သေခြင်းတရားကရှိနေတော့
အမြဲတွဲနေချင်လို့ ဘယ်ဖြစ်ပါ့မလဲ ။

အရာရာဟာ သဘာ၀တွေမို့
ကံကောင်းသလောက်သာယာမယ်
ကံစောင်းသလောက်နစ်နာမယ်လေ ။

လောကဓံတရားတွေဆိုတာ
တစ်လှည့်စီ ဖြစ်နေကြရတာမို့

အခွင့်သာသည်ဖြစ်စေ
အခွင့်မသာသည်ဖြစ်စေ
မတုန်လှုပ်ပဲ ရင့်ကျက်စွာနေထိုင်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏