တာမခံမြို့မှဟိုပင်မြို့သို့ သွားသော မော်တော်ယာဉ်ပေါ်မှလက်နက်/ခဲယမ်းများဖမ်းဆီးရမိ

ဩဂုတ် ၁၅ ရက်၊ ဟိုပင်
ကချင်ပြည်နယ်၊ တာမခံမြို့မှ ဟိုပင်မြို့သို့
ယာဉ်မောင်း ကျော်စိုးသူ ၃၃ နှစ်မှ မော်တော်ယာဉ်ဖြင့်
သယ်ဆောင်လာမည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းရရှိပြီး အသွင်ယူဖမ်းဆီးခဲ့ရာ-
အမ်(၇၉)…………….၂လက်
၄၀ မမဗုံးသီး……….၁၀၁ လုံး
၇.၆၂ ကျည်…………၁၀၀၀၀ တောင့်
ယမ်းကြိုးခွေ………….၁၅ ခွေ
ဒီတိုနေတာ………….၂၀၀ ချောင်း တို့ကို သိမ်းဆည်းရမိခဲ့ပြီး
ဖမ်းဆီးရမိတရားခံ ကျော်စိုးသူအား လက်နက်/ခဲယမ်းများ လာရောက်ယူဆောင်မည့်
မျိုးသန့်ထွဋ်အား ဆက်သွယ်ခိုင်းခဲ့ပြီး ၎င်းအပါ ကျား ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။