ရန်ကုန်ဝန်ကြီးများရုံးမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးအဆောက်အအုံမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးပွဲတော်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပမယ့် စုံညီဝေဖြာဈေးပွဲတော်ကို ဝန်ကြီးများရုံး အဆောက်အအုံရှိ Heritage Market နေရာမှာ ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်ဝန်ကြီးများရုံးအဆောက်အအုံတွင်း Heritage Market နေရာနဲ့ အပြင်ဘက်ပိုင်းနှစ်နေရာမှာ ဆိုင်ခန်းပေါင်း ၈၀ လောက်ပြသရောင်းချမှာဖြစ်ပြီး လုူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်စတဲ့ အထွေထွေကုန်စည်တွေရောင်းချမှာဖြစ်သလို အခမဲ့ဖျော်ဖြေတဲ့ စင်တင်တေးဂီတတွေလည်းပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။