စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား(၅)ရပ်ကွက်တွင်ရှိသော ရွေးကောက်ပွဲကော်မရှင်ရုံးအား PDF အကြမ်းဖက်သမားများမှ မီးရှို့ဖျက်စီး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် တမူးမြို့ စော်ဘွား(၅)ရပ်ကွက်တွင်ရှိသော ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ PDF အကြမ်းဖက်အဖွဲ့များက လာရောက်မီးရှို့ ဖျက်စီးလျက်ရှိကြောင်းကို ဒေသခံများ၏ သတင်းပေးချက်များအရ သိရှိရ၍ လုံခြုံရေးပူးပေါင်းအဖွဲ့များနှင့် တမူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများ သွားရောက်၍ မီးသတ်ယာဉ် ၁ စီးနှင့်အတူ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်စီးမှုကြောင့် ရုံးဝန်းအတွင်းရှိ ပျဉ်ကာ ၁ ထပ် အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေဖို့နှင့် တိုင်းရင်းသားဒသတွေအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ အကြားအလတ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းများ ဖြစ်ပေါ်လာမည်ကို ၎င်း PDF အကြမ်းဖက်များက ကြောက်ရွံ့တုန်လှုပ် ခြောက်ခြားကာဖြင့် ပြည်သူများထိန့်လန့်စေရန်အတွက် ယုတ်မာစွာဖြင့် ရည်ရွယ်ချက်ရှိရှိ အဖျက်မှောက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာမှ ယခုအခါတွင်လည်း တမူးမြို့ စော်ဘွား(၅ )ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။