KBZ ဘဏ် ဓားပြတိုက်သူကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးပေး

ဒီဇင်ဘာလ ၁၇ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ရန်ကုန် ဆိပ်ကမ်းသာ KBZကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဓားပြတိုက်သူကို အနီးအနားက ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

PDF အကြမ်းဖက်သမားတစ်ဦးဖြစ်ပြီး ပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာကြောင့် အချိန်မီ ဖမ်းဆီးရမိကာ ဓားပြတိုက်ယူဆောင်သွားသော ငွေ သိန်း ၁၉၀နှင့် သေနတ်တစ်လက်၊ ဓားတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။