ချောင်းကူးတံတားများအား ဖောက်ခွဲဖျက်ဆီးတဲ့အကြမ်းဖက်များ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

တံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲ မှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရပါတယ်။ တံတားအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့သိရပါတယ်။