တရုတ်နှစ်သစ်ကူးနီးလာချိန် ပြည်တွင်းဝက်သားဈေးတက်လာ

တရုတ်နှစ်သစ်ကူးနီးလာချိန် ပြည်တွင်းဝက်သားဈေးနှုန်းတွေ တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရှိ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ဝက်ခြံဖမ်းဈေးက တစ်ပိဿာကို ၉၆၀၀ ကျပ်အထိ မြင့်တက်သွားတယ်။ ရောင်းတဲ့သူနည်းပါတယ်။ တရုတ်နှစ်သစ်ကူးအမီ ငွေကျပ် ၁၀၀၀၀အထိ ဈေးတက်လာနိုင်တယ်။ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းက အစာဈေးက မြင့်တက်ခဲ့တော့ ဝက်မွေးသူတချို့ ရပ်နားကြတော့ အခုဈေးကွက်ထဲ ရောင်းချသူနည်းပါးသွားတော့ ဝက်ခြံဖမ်းဈေးတက်လာတာ။ ပြီးခဲ့တဲ့နှစ်က ဝက်ခြံဖမ်းဈေး ၉၀၀၀ လောက်ကနေ နှစ်ကုန်ပိုင်းမှာ ၈၂၀၀ ကျပ်လောက်ကို ကျဆင်းသွားတာ။အခုက တရုတ်နှစ်သစ်ကူးကာလမို့ ဈေးပြန်တက်လာတာ”လို့ ဝက်မွေးမြူသူတစ်ဦးကပြောပါတယ်။

လက်ရှိ လက်လီဈေးကွက်အတွင်း ဝက်သားတစ်ပိဿာကို ၁၅၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်အထိ ဈေးရှိတယ်လို့ သိရပါတယ်။