မင်းတပ်မြို့၊ မြို့ပေါ်ရပ်ကွက်တွင် PDF အကြမ်းဖက်သမားတစ်ဦး ဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ မြို့ပေါ်ရပ်ကွက်များပေါ်တွင် လုံခြုံရေးအဖွဲများမှ အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်နိုင်ရေးအတွက် လှည့်ကင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် မသင်္ကာဖွယ်ရာ လူ၁ ဦးအား ရပ်တန့်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အွမ်ဂေ ဆိုသူသည် PDF အကြမ်းဖက်သမားတစ်ဦးဖြစ်ကြောင်း အထောက်အထားများနှင့်တကွ တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။