ရန်ကုန် ပန်းဆိုးတန်း တံတားအဆင်း ကား ၂ စီးတိုက်ပြီး ၂ ဦး ထိခိုက်

ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်း ရန်ကုန် ပန်းဆိုးတန်း တံတားအဆင်း ကား ၂ စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကားတိုက်မှုသည် ယနေ့ နံနက် ၈နာရီကျော်အချိန်ခန့်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းနဲ့ လင်းလက် လူမှုကူညီရေးအသင်းတို့ လူနာ၁ဦးစီကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။