လူဦးရေစာရင်းကောက်ယူရာတွင် ပြင်ဆင်ထားရမည့်အချက်များ

လူဦးရေစာရင်းကောက်ယူရာတွင် မြန်ဆန်မှုရှိစေရေးအတွက် မိဘပြည်သူများဖက်မှ-

၁) မှတ်ပုံတင်မူရင်း ပြသရန်၊

၂)အိမ်ထောင်စုဇယား ပြသရန်၊

၃)မှတ်ပုံတင်/အိမ်ထောင်စုဇယားတစ်စုံစီ မိတ္တူဆွဲထားရန်၊

၄)အသက်(၁၈)နှစ်ပြည့်ပြီးသူများ၏ အမိ/အဘ နာမည်ပြောကြားပေးရန်၊

၅)အသက်(၁၈)နှစ်ပြည့်ပြီးသူများ၏ မွေးသက္ကရာဇ်နှင့်မဲပေးမည့်လိပ်စာ ပြောကြားပေးရန်၊

၆)ဆက်သွယ်ရမည့် ဖုန်းနံပတ်အားမှန်ကန်စွာ ဖြေကြားပေးရန်။

၇) အိမ်ထောင်စုစာရင်းထဲတွင်ပါရှိသူ အိမ်ထောင်စုဝင်မိသားစုများ၏အချက်အလက် မှန်ကန်မှု ရှိ/မရှိ၊စာရင်းပါရှိသူများလက်ရှိနေရပ်တွင် နေ/မနေ၊ထပ်တိုးလာသူ/လျော့သွားသူ ရှိ/မရှိအပြင်အိမ်ထောင်စုစာရင်းမရှိဘဲ နေထိုင်သူများတွေ့ရှိရပါကလည်း စာရင်းကောက်ယူသွားမည်ဖြစ်သည်။

စသည့်အချက်များအတွက် ကြိုတင်ပြင်ဆင်ပေးထားပါက လူဦးရေစာရင်းကောက်ယူမှုလုပ်ငန်းစဥ် မြန်ဆန်စွာဆောင်ရွက်နိုင်ပါမည်။