မြိတ်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို၌ ၂၀၂၂- ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲ ချမှတ် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၁၂ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ဘောလုံးကွင်း၌ မြိတ်မြို မြိုပေါ်ရပ်ကွက်နေဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။