လှိုင်မြို့နယ် ရေခဲစက်ရုံ အမိုးနီးယား ဂတ်စ်ယိုစိမ့်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲ၊ ရေသန့်စက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားမှု
ကြောင့် ရပ်ကွက်နေထိုင်သူများမှာ မူးလဲ သတိလစ်သူ ၃၀ ကျော်လောက်ကို ဆေးရုံးများသို့ ပို့ဆောင်ထားရကြောင်း
လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောပါတယ်။
ဇန်နဝါရီလ ၁၂ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် အုတ်ကျင်းဘူတာရုံလမ်းတွင်ရှိသည့် ရေခဲ၊ ရေသန့်စက်ရုံမှ
အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားကြောင့် ရပ်ကွက်နေသူများမှာ အနံ့ဆိုးများမူးဝေ သတိလစ်သဖြင့် မြောက်
ဥက္ကလာဆေးရုံ၊ အင်းစိန်ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်။
အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှာ ဇန်နဝါရီ ၁၂ရက် ည ၈နာရီကျော်တွင် စတင်ပျံ့နှံ့လာခြင်းဖြစ်ပြီး စက်ရုံပတ်ဝန်းကျင်အနီး
တွင် နေထိုင်သောသူများသည် အနံ့ဆိုးများ စတင်ရရှိခဲ့ကြပြီး နောက်ပိုင်းတွင် အသက်ရှုကြပ်ခြင်း၊ မျက်လုံးစပ်ခြင်း
များနှင့် အချို့ဆိုလျှင်အသက်ရှုကြပ်မေ့လဲသူ (၂ဝ) ဦးထက်မနည်းရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ အမျိုးသား(၇) ဦးနှင့်
အမျိုးသမီး(၉) ဦး၊ စုစုပေါင်း(၁၆) ဦး နှင့် မြောက်ဥက္ကလာဆေးရုံသို့ အမျိုးသမီး(၁) ဦးအား ဆေးကုသရန်
ပို့ဆောင်ထားပြီး စိုးရိမ်ရ သည့်အခြေအနေမျိုး မရှိတော့ဘူးလို့ဆိုပါတယ်။
ည ၁၀ နာရီ ၄၇မိနစ်တွင် ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီး ဖြစ်ကြောင်းနှင့် အမိုးနီးယား
ဓါတ်ငွေ့ဘေးသင့်သူ (၂၉)ဦးအား ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊
ပရဟိတအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်သည်။