CNF/CNA တွေ့ရဲ့ မိုက်မဲတဲ့လုပ်ရပ်များကြောင့် အမှောင်ကျခဲ့ရတဲ့ ချင်းပြည်နယ်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော ချင်းအမျိုးသားတပ်ဦး(CNF)နှင့်ချင်းအမျိုးသား တပ်မတော်(CNA) အဖွဲများ၏ စစ်ကိုဖိတ်ခေါ်ချက်အရ CNF/CNA ဌာနချုပ်ဖြစ်သော ဗစ်တိုးရီးယား စခန်းအား လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

-ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဘက်တွင် ပခုက္ကူခရိုင်နှင့် မော်လိုက်ခရိုင်၊ တောင်ဘက်တွင် စစ်တွေခရိုင်၊ အရှေ့ တောင်ဘက်တွင် မင်းဘူးခရိုင်၊ အနောက် ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံမဏိပူရ နယ်များနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၉ဝ၂ ကျယ်ဝန်းကြောင်းပါတယ်။

-ချင်းပြည်နယ်ဒေသအတွင်းတွင် ချင်းအမျိုးသားတပ်ဦး(CNF)နှင့်ချင်းအမျိုးသား တပ်မတော်(CNA)အဖွဲများသည် တစ်ဖွဲတည်းဖြစ်ကြပြီး CNFအနေနှင့် နိုင်ငံရေး လှုပ်ရှားမှု ဆောင်ရွက်ကြပြီး CNA အနေဖြင့် စစ်ရေးလှုပ်ရှားရန် အတွက် ရည်ရွယ်ဆောင်ရွက်နေကြောင်းတွေ့ရှိရတယ်…

  • CNF / CNA သည် NCAတွင် လက်မှတ်ရေးထိုးထားသော အဖွဲဖြစ်သော်လည်း စာချုပ်ပါစည်းကမ်းချက်များကို စတင်ချိူးဖောက်ကာ နိုင်ငံရေးပြောင်းလဲမှုကို အသုံးချပြီး ဒေသခံလူငယ်များအား သွေးထိုးမြှောက်ပင့်ပေးကာ ထိုလူငယ်များမှ တစ်ဆင့် မြိုနယ်အသီးသီးမှ လူငယ်များအားစည်းရုံး၍ အခြေခံစစ်ပညာများသင်ပေး၊ လူသစ်များစုဆောင်းခြင်း၊ အမှုဖြင့်ထွတ်ပြေး တိမ်းရှောင်သူများအား ခိုလှုခွင့် ပေးထားခြင်း၊ လုံခြုံရေး တပ်ဖွဲဝင်များနှင့် အရပ်သားများ ဖမ်းဆီးခေါ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းတိုနှင့် ခဲယမ်းစုဆောင်နိုင်ရေးတိုအား ကူညီပေးခြင်း၊ CDF/PDF အကြမ်းဖက်လူငယ်များအား ဦးဆောင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး တိုအား CNF အဖွဲမှ ခေါင်းဆောင်များကိုယ်တိုင် နောက်ကွယ်မှ လည်းကောင်း၊ ကိုယ်တိုင်ပါဝင်၍ လည်းကောင်း ဆောင်ရွက်ကာ မိမိတိုဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ပြုလုပ်ကာ အမှောင်ချောက်ထဲသို ရောက်မြန်းမသိ ရောက်နေပြီ ဆိုတာ သေချာနေပါတယ်။